Intro

Màu nền
Font chữ
Font size
Chiều cao dòng

Jung Sung Chan

21

University Student(2nd year)

Cool and Handsome

Shotaro Osaki

20

University Student(1st year)

Cute and kind hearted

.............................................

စည်းချက်ညီစွာထွက်ပေါ်နေတဲ့သီချင်းသံ....
ထိုသီချင်းသံနဲ့အတူပျော်ရွှင်မြူးတူးစွာကခုန်နေကြတဲ့လူအများ......ထိုင်နေရင်းနဲ့ပင်လေထဲသို့ပျံ့နှံ့လာသောvodkaအနံ့...

သူများတွေသောက်တော့မူးတာလည်းမပြောနဲ့အနံ့ရရုံနဲ့တင်မူးပြီးအန်ချင်မိသည်။ကနေတဲ့လူတွေကိုကြည့်တော့ပိုတောင်မူးလာသည်။

အေးအေးဆေးဆေးအခန်းထဲတွင်စာဖတ်တာပဲဖြစ်ဖြစ်.....ဂိမ်းဆော့တာပဲဖြစ်ဖြစ်တစ်ယောက်တည်းသီးသီးသန့်သန့်နေရတာကြိုက်တဲ့Shotaroတစ်ယောက်အတွက်တော့ဒီလိုနေရာကအရမ်းကိုစိတ်ရှုပ်စရာကောင်းလွန်းနေသည်။

သူရောက်နေသည်ကဆိုးလ်မြို့ရဲ့နာမည်ကြီးEDM barတွေထဲကတစ်ခုဖြစ်သည်။Shotaroလည်းလာချင်လွန်း၍တော့မဟုတ်။သူရဲ့ချစ်လှစွာသောသူငယ်ချင်းနှစ်ယောက်Jenoနဲ့Jaeminကအတင်းခေါ်၍သာလိုက်လာခဲ့ရခြင်းဖြစ်သည်။

ဂျပန်ကနေဆိုးလ်ကိုပြောင်းလာတာမကြာသေးတော့ဟိုနှစ်ယောက်ကသူ့ကိုရောက်ဖူးတယ်ရှိအောင်ခေါ်ခြင်းသာဖြစ်သည်။Jenoနဲ့Jaeminအတွက်ကတော့ဒီလိုနေရာတွေကသိပ်မစိမ်းပေမဲ့Shotaroလေးအတွက်ကတော့တစ်ခါမှမရောက်ဖူးသည့်နေရာမလို့ထူးဆန်းနေလေသည်။

"Shotaroမင်းကလည်းလာပြီးတော့ဒီအတိုင်းကြီးပဲထိုင်မနေနဲ့လေငါတို့နဲ့လာ က ပါလား"

"ရတယ်Jenoမင်းတို့ပဲ က ပါ"

Jenoနဲ့Jaeminကတော့စားပွဲကနေထပြီးလူအုပ်ကြီးထဲသွားကကြပေမဲ့Shotaroကတော့ထိုင်ပြီးတော့သာColaသောက်နေသည်။

မလှမ်းမကမ်းမှာတူတူကနေကြတဲ့Jenoနဲ့Jaeminကိုကြည့်ပြီးShotaroတစ်ချက်ပြုံးမိလိုက်သည်။

သူတို့နှစ်ယောက်ကချစ်သူတွေဖြစ်ကြပြီးကိုရီးယားကိုစပြောင်းလာတဲ့Shotaroလေးကိုရောက်ကတည်းကစိတ်မညစ်ရအောင်သူတို့သူငယ်ချင်းအရင်းတစ်ယောက်လိုသဘောထားကာပေါင်းပေးကြသည်။

ဒါကြောင့်လည်းShotaroတစ်ယောက်ပြောင်းလာရတာကိုပျော်နေတာပေါ့။လွတ်လွတ်လပ်လပ် က နေကြတဲ့သူတို့နှစ်ယောက်ကြည့်ပြီးသူပါ က ချင်လာသလို။

"ဟိတ်...ကောင်လေး!"

ရုတ်တစ်ရက်သူ့ကိုခေါ်လာတဲ့ဘက်ကိုလှည့်ကြည့်မိတော့ကောင်မလေးတစ်ယောက်။ပုံစံကတော့သူ့ထက်အသက်ကြီးမဲ့ပုံပင်။

"ကျွန်တော့်ကိုခေါ်တာလားဗျ"

"ဒါပေါ့.....မင်းကိုမခေါ်လို့တို့ကဘယ်သူ့ကိုခေါ်ရမှာလည်း"

အသံကိုရုံးပတီသီးနှယ်ချွဲပစ်နေအောင်ပြောလာပြီးဝတ်ထားသည့်စကပ်မှာလည်းပေါင်အထက်ရောက်ကာတိုလွန်းနေသည်။နဂိုကမှvodkaအနံ့ကြောင့်မူးနေပါတယ်ဆိုသူ့နားကရနေသည့်ရေမွှေးနံ့စူးစူးကြောင့်အန်ပါအန်ချင်သွားသည်။

"ဒါနဲ့မင်းကဒီကမဟုတ်သလိုပဲ"

"ကျွန်တော်ဂျပန်ကပြောင်းလာတာပါ"

"အော်.....မင်းတစ်ယောက်တည်းလာတာလား"

"မဟုတ်ပါဘူးသူငယ်ချင်းတွေပါတယ် သူတို့ကသွား က နေကြလို့"

Shotaroလည်းထိုကောင်မလေးနားကအမြန်ထွက်သွားချင်နေပေမဲ့လူတိုင်းအပေါ်အားနာတတ်တဲ့စိတ်ကလေးကြောင့်သူစကားပြောနေမိသည်။

"မင်းကောမ က ဘူးလားတို့နဲ့တူတူသွား က ကြမလား"

ထိုကောင်မလေးမှာပြောလည်းပြောShotaroရဲ့လက်မောင်းကိုလာကိုင်ပြီးပွတ်နေတာမလို့သူအမြန်ရုန်းလိုက်ပြီး.....

"ရပါတယ်မလိုပါဘူး.....အစ်မကျွန်တော့်ကိုလာမထိပါနဲ့"

"ဟဟ....မင်းကလည်းရှက်စရာမလိုပါဘူးကွာ"

ထိုကောင်မလေးမှာအတင့်ရဲပြီးShotaroရဲ့ပေါင်ပေါ်ကိုလာထိုင်မလိုလုပ်တာကြောင့်Shotaroအမြန်ထရပ်လိုက်ပြီး.....

"အစ်မတော်တော်လွန်လာပြီနော်.....ကျွန်တော်အစ်မလိုလူမျိုးတွေကိုစိတ်မဝင်စားဘူးကျွန်တော်သွားပြီ"

Shotaroလည်းအမြန်ထလာလိုက်သည်။မဟုတ်ရင်သူ့ပါဖက်နမ်းတော့မလားမသိ။ရည်းစားရယ်Crushရယ်လို့တစ်ခါမှမရှိဖူးခဲ့ပြီးတော့ဒီလိုအကြောင်းတွေလည်းနည်းနည်းမှစိတ်မဝင်စားတဲ့Shotaroအတွက်တော့ထိုလိုကောင်မလေးမျိုးကအတော်ရွံစရာကောင်းလွန်းနေသည်။

ဘယ်နှယ့်ယောကျ်ားလေးတစ်ယောက်ရဲ့ပေါင်ပေါ်ကိုထိုင်ဖို့လုပ်ရတယ်လို့။Shotaroလည်းစိတ်ရှုပ်လို့သာထလာလိုက်တာဘယ်သွားရမှန်းမသိ။Barရဲ့နည်းနည်းချောင်ကျတဲ့နေရာလေးကိုတွေ့မိတော့အဲ့ကိုပဲသွားလိုက်သည်။

ရောက်တော့မှပဲသက်ပြင်းလေးတစ်ချက်ကိုချမိလိုက်သည်။ဒါပေမဲ့မကြာလိုက်ပါသူနဲ့မနီးမဝေးမှလူနှစ်ယောက်ကြောင့်Shotaroစိတ်ရှုပ်ရပြန်သည်။

လူနှစ်ယောက်မှာတစ်ယောက်ယောကျ်ားလေးဖြစ်ပြီးနောက်တစ်ယောက်ကမိန်းကလေးဖြစ်သည်။နှစ်ယောက်ကချစ်သူတွေထင်ပါရဲ့။ပြီးနော့သူတို့ကချစ်သူရည်းစားတွေအချင်းချင်းမလို့ချောင်ထဲလာပြီးRoနေတာနဲ့မတူ။စကားများရန်ဖြစ်နေကြသည့်ပုံပင်။

"ပြောလေ!!!!မင်းနဲ့အဲ့ကောင်နဲ့ကဘာတွေလဲလို့!!!!!"

"သူနဲ့ကဘာမှမဟုတ်ပါဘူးသူငယ်ချင်းတွေပါပဲဆိုနေ"

"အဲ့တာဆိုဘာလို့နမ်းနေကြတာလဲ ဟမ်!!!!.....အော်.....ဘာမှပြန်မပြောနိုင်တော့ဘူးဆိုတော့....."

"အေး.....ဟုတ်တယ်ငါသူနဲ့တွဲနေတာရပြီလား....."

"ဘာလို့လဲ....ငါတစ်ယောက်လုံးရှိနေတာတောင်ဘာလို့လဲလို့!!!"

"..............."

"ကောင်းပြီလေ...ဒါဆိုနင်နဲ့ငါနဲ့ဇာတ်လမ်းကဒီမှာပြီးပြီ"

Shotaroခိုးပြီးနားထောင်နေတာတော့မဟုတ်ပေမဲ့အတိုင်းသားကြားနေရမလို့သူလည်းစိတ်ထဲကမကောင်းဖြစ်နေပြန်သည်။ဘယ်သူရာ်ဘယ်ဝါရယ်ဘာဖြစ်ကြသလဲဆိုတာတော့မသိပေမဲ့ခုလိုမျိုးကြီးလမ်းခွဲစကားပြောတော့Shotaroလည်းထိုချစ်သူနှစ်ဦးအတွက်စိတ်မကောင်းချေ။
.....................................

SungChanတစ်ယောက်ဘယ်နှစ်ခွက်မြောက်မှန်းတောင်မသိ​တော့တဲ့အထိအရက်တွေလှိမ့်သောက်နေမိသည်။Markနဲ့HaeChanတောင်တားမရ။

"မင်းကလည်းကွာတော်ပါတော့ဆိုနေ"

"မတော်နိုင်ဘူးဟျောင့်......ငါ့မှာတော့လိုလေသေးမရှိအောင်သူ့ကိုနှစ်နဲ့ချီပြီးချစ်လာတာနောက်ဆုံးတော့ငါရလိုက်တာဒါလား.......Han YuJinမင်းသိပ်ရက်စက်တယ်"

Markလည်းသက်ပြင်းသားတစ်ချက်ချမိသည်။SungChanဘယ်လောက်ထိYuJinကိုချစ်လည်းဆိုတာဘေးလူတွေဖြစ်တဲ့သူတို့တောင်သိတယ်မဟုတ်လား။

"အဲ့ဟာမကိုမင်းတစ်ချက်လော​က်ပဲဖြစ်ဖြစ်ထိုးခဲ့ရမှာ"

မနေနိုင်သည့်HaeChanမှဝင်ပြောတော့Markကပဲဝင်တားရလေသည်။

"Chaniee...ဟိုကမိန်းကလေးလေ"

"ကိုကလည်းမိန်းကလေးဆိုတိုင်းအလျော့ပေးစရာလား"

"​တော်ကြပါတော့ကွာ......မင်းတို့ကလည်း!!"

မူးမူးနှင့်ထအော်လိုက်သည့်SungChanကြောင့်MarkရောHaeChanရောပါးစပ်ပိတ်လိုက်ကြသည်။SungChanလည်းသူ့ရှေ့မှာရှိတဲ့အရက်ကိုထပ်ပြီးသောက်နေမိသည်။

SungChanဆိုသည်မှာလည်းအထက်တန်းကတည်းကပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်လာတာတက္ကသိုလ်ရောက်တဲ့အထိပင်။ချစ်သူတစ်ခါမှမထားဖူးပေမဲ့ပထမနှစ်မှာတင်တွေ့တဲ့HanYuJinဆိုတဲ့ကောင်မလေးကိုမြင်ပြီးကြိုက်သွားသဖြင့်SungChanစပြီးပိုးပန်းခဲ့သည်။

မကြာလိုက်သူတို့ချစ်သူတွေဖြစ်သွားကြပြီးUniမှာတော်တော်နာမည်ကြီးသည့်အတွဲတွေထဲမှာတောင်ပါလာကြသည်။Yujinဆိုသည်မှာလည်းခါးထိရှည်သည့်နက်မှောင်တဲ့ဆံကေသာ.....မျက်လုံးမျက်ခုံးကောင်းကောင်းနှင့်လှပသည့်ထဲတွင်ပါသည်မို့SungChanနှင့်လည်းတော်တော်လိုက်ဖက်ပါသည်။

SungChanကလည်းသူ့ရဲ့ချစ်သူYuJinလေးကိုချစ်လွန်းလို့တစ်ခုခုမှားရင်တောင်သူကပဲအလျှော့ပေးချစ်ခဲ့သည်။ဒါပေမဲ့သူပဲအလျှော့ပေးအလိုလိုက်တာလွန်သွားလားမသိ။ဒီနေ့SungChanလည်းMarkတို့နဲ့Barမှာချိန်းထားလို့လာတုန်းYuJinကိုတစ်ခြားနောက်ကောင်တစ်ကောင်နဲ့တွဲတွေ့မိသည်။

ဒီအတိုင်းတွေ့တယ်ဆိုSungChanဘာမှမပြောပေမဲ့နမ်းတာကိုပါမြင်လိုက်တော့SungChanတစ်ယောက်ကမ္ဘာပျက်မတတ်ခံစားလိုက်ရသည်။မေးလိုက်တော့သူတို့ကတွဲနေကြသည်တဲ့လား။

အမှန်အတိုင်းပြောရလျှင်SungChanမှာYuJinကိုလက်ထပ်ဖို့အထိရည်ရွယ်ထားသည်။ဒါပေမဲ့အခုလိုမျိုးသစ္စာဖောက်ခံလိုက်ရတော့နှစ်နဲ့ချီပြီးချစ်လာခဲ့ရတဲ့သူကပဲစောက်ရူးကြီးလိုလို။

သူ့ဖက်ကပဲချစ်လွန်း၍လက်ထပ်ဖို့အထိတွေးထားကာမှဟိုကနောက်တစ်ယောက်နဲ့တောင်သာယာနေသတဲ့လား။

SungChanထပ်မတွေးချင်တော့ပါ။ဘာဆိုဘာမှခေါင်းထဲကိုရောက်မလာစေရန်အရက်ကိုပဲထပ်ခါထပ်ခါသောက်နေမိသည်။နဂိုကတည်းကသောက်နိုင်သည့်သူမလို့ဒီလောက်ထိသောက်ထားတာ​တောင်သူသတိတော့ရှိသေးသည်။

"တော်တော့SungChanပြန်ရအောင်"

"အေး......ခနငါtoiletသွားဦးမယ်"

SungChanမူးလွန်း၍အန်ချင်လို့toiletသွားချင်တာတော့မဟုတ်။ဘယ်လိုမှစိတ်ကိုထိန်းမရတာကြောင့်သူသွားငိုချင်၍သာ။

Toiletထဲရောက်တော့ကံကောင်းသည်ကဘယ်သူမှမရှိနေ။သူလည်းtoiletနံရံကိုမှီချကာဆောင်ကြောင့်ထိုင်ပြီးငိုတော့သည်။

ဘယ်လောက်ပဲရင့်မာတဲ့ယောကျ်ားတစ်ယောက်ဖြစ်ပါစေ...မျက်ရည်ဆိုတာမျိုးကလူမှမရွေးဘဲငိုချင်တဲ့အခါငိုချရမှာပဲ။

"Ting"

ငိုနေတုန်းဖုန်းမှဝင်လာသည့်notiသံကြောင့်ဖုန်းဖွင့်ကြည့်လိုက်တော့SungChanရင်ထဲအစိမ်းလိုက်ဓားနဲ့ထိုးနှက်သည့်နှယ်ပိုနာကျင်ရတော့သည်။

ရှေ့လကမှသူဆိုင်တွင်တစ်ကူးတစ်ကသွားပြီးဒီဇိုင်းရွေးထားသည့်ဆင်တူလက်စွပ်လေးကနောက်အပတ်ဆိုလာယူလို့ရပြီဖြစ်ကြောင်းဆိုင်မှမက်ဆေ့ချပို့လာခြင်းပင်ဖြစ်သည်။

ကျောင်းမပြီးသေး၍လက်မထပ်သေးဘဲအရင်မိဘများကိုဖွင့်ပြောကာစေ့စပ်ထားမည်ဟူသောစိတ်ကလေးဖြင့်လက်စွပ်ကိုသွားမှာထားခြင်းဖြစ်သည်။

ဒါပေမဲ့အခုတော့သဲထဲရေသွန်သလိုပင်။သူ့ဘက်ကပဲသဲသဲလှုပ်ခဲ့ရတာကိုပြန်တွေးမိပြီးSungChanအရူးတစ်ယောက်နှယ်အော်ငိုမိနေသည်။

ကိုယ်ထင်ထားသလိုဖြစ်မလာတဲ့အရာတွေကစိတ်ကူနဲ့ပင်တွေးကြည့်ရင်တောင်ရင်နာစရာကောင်းလွန်းနေသည်။တစ်ကယ်တမ်းဖြစ်မလာတော့နှိုင်းစရာစကားလုံးပင်ရှာမတွေ့တော့သည်အထိနာကျင်လွန်းလှပါသည်။

__________________

ဒါကတော့Mollyရဲ့နောက်ထပ်ficလေးတစ်ပုဒ်ပါ။Sungtaroလေးပေါ့။အရင်ဆုံးဒီficလေးကိုဇာတ်လမ်းမမေ့ခင်ရေးထားတာပါ။ဒါပြီးသွားရင်THEBOYZ ficလေးထပ်ရေးပါဦးမယ်နော်။အတွဲကတော့မစဥ်းစားရသေးပါဘူး။ဇာတ်လမ်းကတော်ရပါပြီ။

Thanks for reading🌸

Bạn đang đọc truyện trên: TruyenFun.Vip