Chapter 7

Màu nền
Font chữ
Font size
Chiều cao dòng

ဒီနေ့SungChanတစ်ယောက်Shotaroနဲ့စာအတူလုပ်မယ်ပြောထား၍မနေ့ကသူသွားတွေ့သည့်self studyနေရာကိုသွားလိုက်သည်။အမှန်အတိုင်းဝန်ခံရလျှင်သူတစ်ခါမှယောင်လို့တောင်ထိုနေရာကိုမသွားဖူးပါ။

စာမလုပ်၍တော့မဟုတ်။SungChanကစာလုပ်ရင်အေးအေးဆေးဆေးသူ့အခန်းထဲမှာလုပ်ရတာကိုပိုကြိုက်သည့်သူပင်။အခုလည်းသူMarkကိုShotaroနဲ့စာသွားလုပ်လိုက်ဦးမယ်ပြောတော့အံ့သြ သွားတဲ့Markမျက်နှာကြီးကိုပြန်တွေးရင်းရယ်နေမိသည်။

သူအထဲလည်းဝင်လိုက်တော့မနေ့ကနေရာလေးမှာပဲစာထိုင်လုပ်နေတဲ့ကောင်ငယ်လေး။သူ့လည်းမြင်ရောလက်လှမ်းပြနေသည်။

SungChanလည်းShotaroနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီးတော့....

"ကိုယ့်ကို​စောင့်နေတာလား"

"ဟုတ်တယ်"

"Sorryနော်ကိုယ်နောက်ကျသွားလို့"

"ရပါတယ်ကျွန်တော်လည်းရောက်တာသိပ်မကြာသေးပါဘူး"

"အင်း"

ဒီလိုနဲ့စာအတူလုပ်ကြသည်ပေါ့နော်။စာလုပ်ရင်းနာရီဝက်လောက်ကြတော့SungChanတစ်ယောက်အိပ်ချင်လာသည်။နေ့လည်ကျော်လည်းဖြစ်ဒီလိုအချိန်လည်းစာသိပ်မလုပ်တတ်တော့သူအိပ်ချင်လာသည်။

ဒါပေမဲ့သူမအိပ်ရဲပါဘူး။Shotaroကသူ့ကိုစာလုပ်ရမှာပျင်းတဲ့ငပျင်းကြီးလို့ထင်သွားမှဖြင့်။သူအဲ့လိုတော့အထင်မခံနိုင်ပါဘူး။အထူးသဖြင့်Shotaroဆိုရင်ပေါ့။

Shotaroကိုလှမ်းကြည့်လိုက်တော့သေချာစိတ်ဝင်တစားနဲ့အာရုံစိုက်ကာစာလုပ်နေသည်။သေချာပေါက်နှုတ်ခမ်းလေးကလည်းစူပြီးတော့ပေါ့။

SungChanအသဲယားကပြန်ပါသည်။တစ်ကယ်ပါ။Shotaroနဲ့အတူရှိနေရင်သူ့စိတ်ထဲကလိကလိနဲ့။ပုရွက်ဆိတ်တွေရောက်နေသလိုပဲ။ဘာကြောင့်လည်းဆိုတာတော့သူမသိပါ။

ဒါပေမဲ့သူကြည့်နေတာကိုShotaroကသတိထားမိသွားသည်ထင်။သူ့အားမျက်လုံးလေးကလယ်ကလယ်နဲ့ပြန်ကြည့်လာသည်။

"Hyung...ဘာလို့လဲအိပ်ချင်လို့လား..အိပ်ချင်ရင်အိပ်နော်ဘာမှမဖြစ်ဘူး"

Shotaroကသူ့စိတ်များသိနေသလားပဲ။သူလည်းအိပ်ချင်နေတာနဲ့ခေါင်းငြိမ့်ပြပြီးခုံပေါ်မှောက်လိုက်သည်။သူအိပ်တာကလည်းShotaroကိုဆက်မကြည့်နေအောင်လို့ပါ။
.............

Shotaroစာလုပ်နေရင်းSungChanကိုသတိထားမိတော့အိပ်ငိုက်နေသည်ထင်ပါရဲ့။မျက်လုံးလေးကမှေးမှေးသွားသည်။အဲ့တော့Shotaroလည်းသူ့အားနာနေမှာစိုး၍အိပ်ချင်ရင်အိပ်ဟုပြောလိုက်တော့ချက်ချင်းမှောက်ပြီးအိပ်သွားသည်။

အေးပေါ့လေ။သူချစ်ရတဲ့သူဒီလိုမျိုးအိပ်ငိုက်နေတာကိုမအိပ်နဲ့ဟုပြောရအောင်လည်းမဟုတ်။ ချစ်ရတဲ့သူ?

ဟုတ်တယ်။Shotaro SungChanကိုချစ်မိသွားတယ်။ဘာအကြောင်းကြောင့်ရယ်လို့တော့မရှိပေမဲ့SungChanနဲ့ရှိနေရင်ခုန်လာတတ်တဲ့သူ့နှလုံးသားကိုသတိထားခဲ့မိလို့။

ရင်ခုန်ရုံလေးနဲ့တော့သူချစ်တယ်လို့မခေါ်ပါဘူး။ဒါပေမဲ့သူကိုယ်တိုင်ကိုကသိလိုက်တာသူSungChanကိုချစ်သည်ဆိုတာပင်။

ချစ်ရတဲ့သူအိပ်ပျော်သွားတာလေးကိုကြည့်ပြီးShotaroကြည်နူးမိပြန်သည်။မနေ့ကလည်းသူ့အတွက်ဆိုပြီးဝယ်လာတဲမုန့်တွေကိုလည်းShotaroအကုန်တစ်ယောက်တည်းစားလိုက်သည်။

JaeMinကနည်းနည်းကျွေးလို့ပြောတာတောင်သူမကျွေးခဲ့။မသထာလို့တော့မဟုတ်ပါဘူး။SungChanဝယ်လာတာကိုသူတစ်ယောက်တည်းပဲစားမယ်ဆိုတဲ့လောဘသေးသေးလေးတက်နေမိ၍သာ။

သူSungChanအိပ်နေတာလေးကိုသေချာအနီးကပ်ကြည့်မိတော့SungChanရဲ့ချောမောမှုကိုပို၍အသေးစိတ်မြင်နေရသည်။

မှောက်ပြီးအိပ်နေတာဆိုပေမဲ့မျက်နှာကဘေးကိုအနည်းငယ်စောင်းနေတော့သူသေချာငမ်းလို့...အဲလေ...သေချာကြည့်လို့ရတာပေါ့။ကြည့်နေရင်းနဲ့သူတောင်မသိလိုက်ခင်လေးမှာတင်SungChanရဲ့နှဖူးပေါ်မှာဝဲကျနေသည့်ဆံနွယ်လေးတွေကိုဖယ်မိလိုက်သည်။

မဟော်ဂနီရောင်ဆံနွယ်လေးရဲ့အိစက်မှုဟာချစ်နေရတဲ့Shotaroကိုပြုံးစေသည်။ပြီးတော့အိစက်နေတဲ့ဆံနွယ်လေးရဲ့အနံ့ကိုလည်းသူသိချင်သွားသည်။

ဒါကြောင့်ဘေးဘီကိုတစ်ချက်လှည့်ကြည့်တော့ကျောင်းသားတွေအများကြီးမရှိ။အေးလေသူတို့မေဂျာမှာစာအရမ်းလုပ်တဲ့သူကများများစားစားမရှိဘဲကို။အဲ့တော့လူရှင်းနေတာနဲ့Shotaroလည်းအရဲစွန့်ပြီးမှောက်အိပ်နေတဲ့SungChanရဲ့ခေါင်းနားလေးကိုသူ့မျက်နှာလေးသွားတိုးလိုက်သည်။

Shotaroရဲ့နှာခေါင်းလုံးလုံးလေးကSungChanရဲ့ခေါင်းပေါ်ကိုရောက်သွားတော့ရလိုက်သည့်Shampooနံ့သင်းသင်းလေးကြောင့်သူပြုံးမိပြန်သည်။

ထိုစဥ်သူSungChanရဲ့မျက်နှာကိုပြန်လှမ်းကြည့်လိုက်တော့...

"အမလေး!!!!"

SungChanကစောနကလိုအိပ်နေတာမဟုတ်ဘဲပြုံးပြုံးကြီးနှင့်မျက်လုံးကလည်းပွင့်နေသည်။

မဟုတ်မှလွဲရောသူခိုးနမ်းမိတာများသိသွားတာလား။သူ့ကိုစိတ်ဆိုးသွားပြီလား။မခေါ်တော့ဘူးလား။ဟူသောစသည့်မေးခွန်းများကအစီအရီShotaroခေါင်းထဲကိုပေါ်လာသည်။

"Hyu..Hyungနိုးနေတာလား"

ပြုံးပြုံးကြီးနှင့်ထလာသောSungChanကြောင့်Shotaroမရဲတစ်ရဲနှင့်မေးလိုက်သည်။

"ကိုယ်ကအစကတည်းကအိပ်မပျော်သေးတာ"

Shotaro's pov - သေစမ်းShotaroရေနင်တော့သွားပြီ

"ဟို...ဟို....ကျွန်..ကျွန်တော်...တစ်မင်လုပ်တာမဟုတ်ဘူးနော်...ဟို...."

ထစ်ထစ်အအနဲ့စကားပြောနေသောShotaroလေးကိုကြည့်ပြီးSungChanအူယားစွာရယ်မိလိုက်သည်။

ရုတ်တစ်ရက်ကြီးထရယ်လိုက်သည့်SungChanကြောင့်Shotaroမှာတော့မျက်လုံးလေးကလယ်ကလယ်နှင့်။

"ဘာလဲကိုယ့်ကိုခိုးနမ်းတာမိသွားလို့လား"

"ဟာ....Hyungကလည်းဘယ်သူကခိုးနမ်းလို့လဲshampooနံ့သိချင်လို့မွှေးကြည့်တာခိုးနမ်းတာမဟုတ်ပါဘူး"

"ဟုတ်လို့လား"

"ဟုတ်ပါတယ်ဆို"

Shotaroမှာတော့ရှက်သဲတွေဖြာပြီးမျက်နှာလေးတစ်ခုလုံးကနီရဲနေလေသည်။

"ဘာကိုရှက်နေပြန်တာလဲပြောတော့ခိုးနမ်းတာမဟုတ်ဘူးဆို"

Shotaro's pov - ဒီHyung​တော့တော်တော်စပ်စုတာပဲ

"အာ...အဲ့တာက....."

ပြောစရာအကြောင်းပြချက်ကိုမရမကရှာနေသောShotaroလေးကိုကြည့်ပြီးSungChanခေါင်းလေးကိုအသာသွားကိုင်လိုက်သည်။ပြီးတော့သူထုံးစံအတိုင်းဆံပင်လေးတွေကိုဖွလိုက်သည်။

"ကိုယ်ကစတာပါShotaroရာအဲ့လောက်ကြီးရှက်မနေပါနဲ့မွှေးကြည့်တာဘာဖြစ်မှာမလို့လဲ"

Shotaroကတော့SungChanစိတ်မဆိုးသွားတာကိုသိ၍ရှက်ပြုံးလေးသာပြုံးနေလိုက်သည်။SungChanသူ့ခေါင်းလေးကိုလာဖွပြီဆိုရင်သူအရမ်းသဘောကျတာပဲ။

.....................

ဒီလိုနဲ့SungChanနဲ့Shotaroတို့နှစ်ယောက်နေ့တိုင်းလိုလိုစာအတူတူလုပ်ဖြစ်ကြသည်။အတန်းလည်းမတူမေဂျာလည်းမတူပေမဲ့Shotaroနားမလည်သည့်စာတွေဆိုSungChanကနားလည်သလောက်ရှင်းပြသည်။

သူတို့နှစ်ယောက်ဟာလည်းပိုမိုရင်းနှီးလာသည်။SungChanလည်းShotaroနဲ့ကျမှာစာလည်းပုံမှန်လုပ်ဖြစ်လာသည်။အရင်ကဆိုဉာဏ်ကောင်းသည်ဆိုသောအကြောင်းပြချက်ကြောင့်SungChanကစာကိုပုံမှန်မလုပ်​ဖြစ်ချေ။

"ဉာဏ်ကောင်းပေမဲ့လည်းစာပုံမှန်လုပ်တော့ပိုကောင်းတာပေါ့"ဆိုတဲ့Shotaroစကားကိုကြားပြီးသွားကတည်းကSungChanစာပုံမှန်လုပ်ဖြစ်လာသည်။

လပတ်စာမေးပွဲ ပြီးသွားတော့ShotaroကောSungChanကောနှစ်ယောက်လုံးအမှတ်တွေကောင်းကြသည်။Shotaroလေးကဉာဏ်တော့အရမ်းကြီးမကောင်းပေမဲ့ဝီရိယကောင်းတော့အမှတ်များသည်။သူတို့တစ်တန်းလုံးမှာတောင်ပထမရသည်။
..................

"Shotaro con conပါနော်စစဖြေတဲ့စာမေးပွဲမှာတောင်ပထမရတယ်"

အမှတ်စာရင်းစာရွက်ကိုတူတူကိုင်ကာလမ်းလျှောက်လာရင်းနဲ့JaeMinကချီးကျူးလိုက်သည်။Shotaroကတော့အပြုံးလေးဖြင့်

"ကျေးဇူးပါJaeMinကလည်းတော်ပါ့ Eng မှာငါ့ထက်တောင်အမှတ်များသေးတယ်"

"ဒါနဲ့ငါတို့စာမေးပွဲ ပြီးပြီဆိုတော့အကုန်လုံးစုပြီးမုန့်သွားစားရအောင်လေ"

"ကောင်းသားပဲသွားရအောင်"

"Ok ငါJenoတို့ကိုဖုန်းဆက်လိုက်ဦးမယ်"
.................

ဒီလိုနဲ့သူတို့လည်းအကုန်လုံးအတူတူမုန့်စားပြီးလျှောက်လည်ဖို့အတွက်Mallကိုလာလိုက်ကြသည်။

Jenoနဲ့Jaeminကတစ်တွဲ...Markနဲ့Haechanနဲ့ကတစ်တွဲ...SungChanနဲ့Shotaroကတစ်တွဲ..​အဲလေ..အတူတူယှဥ်ပြီးလျှောက်ကြသည်လို့😅။

"Shotaroဒီကိုရောက်ဖူးတယ်မလား"

"ဟုတ်JaeMinတို့နဲ့နှစ်ခါတော့လာဖူးတယ်"

"ဒါနဲ့Shotaroအတန်းထဲမှာပထမရတယ်ဆို"

"ဟုတ်တယ်Hyung"

"တော်လိုက်တာကိုယ့်Shotaroလေးက"

Shotaroကတော့SungChanစကားကိုကြားပြီးမျက်နှာကချက်ချင်းပန်းရောင်သန်းလာသည်။

ထိုစဥ်သူတို့နဲ့မျက်နှာစောင်းထိုးမှာလျှောက်လာသည့်လူနှစ်ယောက်။ပြောရလျှင်SungChanရဲ့ရည်းစားဟောင်းYuJinနဲ့သူရဲ့ကောင်ကိုSungChanကောShotaroပါတွေ့လိုက်သည်။

ShotaroကSungChanကိုလှမ်းကြည့်တော့SungChanကခပ်တည်တည်ပင်။Shotaroရဲ့ပခုံးကိုပါလှမ်းဖက်လိုက်ပြီးသွားလိုက်သည်။

YuJinမှာတော့ဒေါသထွက်စွာဖြင့်ကျန်ခဲ့လျက်။

Shotaroအခုသူ့ရင်တွေတစ်ဒိန်းဒိန်းခုန်နေမိသည်။သူကSungChanရဲ့ရင်ခွင်ထဲမှာရောက်နေတာကိုး။ပခုံးကနေလှမ်းဖက်တာဆိုပေမဲ့SungChanထက်စာရင်သေးကွေးတဲ့Shotaroကိုယ်လုံးလေးကSungChanရင်ခွင်မှာဝပ်နေတာပေါ့။

SungChanကတော့ဘာမှလည်းမပြောလွှတ်လည်းမလွှတ်ပေးဘဲအဲ့အတိုင်းဖက်ရက်သားလေးဆိုင်ရောက်သည်အထိခေါ်လာလိုက်သည်။

ကျန်တဲ့လေးယောက်ကတော့တစ်အံ့တစ်သြတွေနဲ့ပေါ့။မုန့်စားကြတော့လည်းSungChanကShotaroနဲ့မျက်နှာချင်းဆိုမှာထိုင်နေသည်။

SungChanလည်းစားရင်းနဲ့ရှေ့ကကောင်လေးကိုလှမ်းကြည့်မိတော့။နဂိုကတည်းကဘာမှမလုပ်ဘဲနေရင်တောင်ချစ်ဖို့ကောင်းနေတဲ့Shotaroလေးကအစာဝါးလိုက်တိုင်းဖောင်းတက်လာတဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကလည်းအရမ်းချစ်ဖို့ကောင်းလွန်းနေသည်။

SungChanငေးနေတာဘယ်လောက်တောင်ကြာသည်မသိစားနေလက်စကိုတောင်သူ့မှာမစားနိုင်။ရှေ့ကကောင်လေးဆီကိုသာအကြည့်ရောက်နေသည်။

ဒါကိုသတိထားမိတဲ့Markကချောင်းတစ်ချက်ဟန့်လိုက်သည်။

"အဟမ်း....SungChanမျက်လုံးကြီးShotaroပန်းကန်ထဲရောက်သွားပြီလားမသိဘူး"

အဲ့တော့Shotaroလေးကဘာမသိညာမသိဖြင့်မျကလုံးဝိုင်းဝိုင်းလေးဖြင့်မော့ကြည့်လာသည်။

SungChanမှ...

"ဟျောင့်....စားစရာရှိတာစား"

"မင်းစားရမှာ။ငေးနေတာလည်းထမင်းမေ့ဟင်းမေ့ဆိုတာမင်းလိုကောင်မျိုး"

Markမှစတော့SungChanလည်းဘာမှပြန်ပြောမနေတော့ဘဲစားစရာရှိတာကိုသာဆက်စားနေလိုက်သည်။
....................

SungChanအိမ်ပြန်ရောက်တော့....

"သားSungChanဒီကိုခနလာထိုင်ပါဦး"

ဧည့်ခန်းထဲတွင်ထိုင်နေသည့်Appaမှခေါ်သောကြောင့်SungChanလည်းAppaနားသွားထိုင်လိုက်သည်။

"ဘာပြောမလို့လဲAppa"

"ဟိုတစ်ခါကလိုပဲAppaအလုပ်ကိုကူပေးပါလားလို့ပြောမလို့ပါသားကမကြာခင်ဘွဲ့ရတော့မှာလေအဲ့တော့Appa Companyကိုဆက်ခံဖို့သားလည်းလုပ်ငန်းအတွေ့အကြုံရှိသွားအောင်လို့ပါ"

"ဟုတ်ကဲ့သားနားလည်ပါတယ်"

"ဒါဆိုမနက်ဖြန်xxxxမှာရှိတဲ့M.Y groupရဲ့Mallကိုသွားပြီးသူတို့နဲ့လုပ်ငန်းကိစ္စစာချုပ်သွားချုပ်လိုက်နော်ဟိုတစ်ခါကလိုပါပဲ"

"ဟုတ်ကဲ့Appaသားသွားလိုက်ပါ့မယ်"

"အေးအေးဒါဆိုသားသွားနားတော့လေ"

"ဟုတ်ကဲ့"

_________________________________

Thanks for reading🌸


Bạn đang đọc truyện trên: TruyenFun.Vip